တစ်ခုလိုချင် တစ်ခုပေးရဆို
မင်းဘာကို လိုသလဲ
သူငယ်ချင်း ။
အတွေ့အကြုံ အယူအဆ
အတွေးအခေါ် မင်းဘာရချင်ခဲ့သလဲ ။
ရာထူးအာဏာ ဂုဏ်ဒြပ်ဥစ္စာ
စည်းစိမ်ငွေကြေး လူသားတိုင်း တောင့်တခဲ့ ။
အလကားဆိုတဲ့အရာ
လောကမှာ ဘယ်အခါများ
ပေါပေါပဲပဲ နိုင်ခဲ့သလဲ။
တစ်ခုတော့ရှိတယ် တစ်ခြမ်းက
ကြွက်စားသွားတာမဟုတ်
ရေမီးစုံ ကြိုးကုန်ချင်ရင်တော့
သက်လုံကောင်းအောင်
လေ့ကျင့်ထား သူငယ်ချင်း ....
မင်းဘာကို လိုသလဲ
သူငယ်ချင်း ။
အတွေ့အကြုံ အယူအဆ
အတွေးအခေါ် မင်းဘာရချင်ခဲ့သလဲ ။
ရာထူးအာဏာ ဂုဏ်ဒြပ်ဥစ္စာ
စည်းစိမ်ငွေကြေး လူသားတိုင်း တောင့်တခဲ့ ။
အလကားဆိုတဲ့အရာ
လောကမှာ ဘယ်အခါများ
ပေါပေါပဲပဲ နိုင်ခဲ့သလဲ။
တစ်ခုတော့ရှိတယ် တစ်ခြမ်းက
ကြွက်စားသွားတာမဟုတ်
ရေမီးစုံ ကြိုးကုန်ချင်ရင်တော့
သက်လုံကောင်းအောင်
လေ့ကျင့်ထား သူငယ်ချင်း ....


